31.1 C
Yangon

မလေးရှားနိုင်ငံ၊ တရားမဝင် KTV ဖျော်ဖြေရေးစင်တာကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး မြန်မာအမျိုးသမီး ၂၁ ဦးကို ဖမ်းဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၇

မလေးရှားနိုင်ငံ၊ Negeri Sembilan ပြည်နယ်၊ Nilai မြို့တွင် တရားမဝင် KTV ဖျော်ဖြေရေးစင်တာကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး မြန်မာအမျိုးသမီး၂၁ ဦးကို ဖမ်းဆီးလိုက်ကြောင်း မလေးရှား လူဝင်မှု ကြီးကြပ်ရေးက သတင်းထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီ ၀၁ မိနစ်အချိန် မလေးရှား အာဏာပိုင်များက အထူးစစ်ဆင်ရေး အဖြစ် တရားမဝင် ဖွင့်လှစ်ထားသော KTV ဖျော်ဖြေရေးစင်တာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းKTV ကို ၂ ပတ်ကြာ ထောက်လှမ်းခဲ့ကြောင်း၊ ယင်းနောက် စစ်ဆင်ရေးအဖွဲ့ဖွဲ့စည်းပြီး ယင်း KTV စင်တာကို ဦးစီးဆောင်ရွက်နေသူ မြန်မာအမျိုးသမီး ၁ ဦးကို စတင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့နောက် စားပွဲထိုး မိန်းကလေးယူဆရသည့် မြန်မာနိုင်ငံသား အမျိုးသမီး ၂၀ ဦးကိုလည်း ထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

လတ်တလော စစ်ဆေးချက်များအရ မြန်မာအမျိုးသမီး ၈ ဦးမှာ ဗီဇာရက်လွန်နေထိုင်သူများဖြစ်ပြီး ကျန် မြန်မာအမျိုးသမီး ၁၃ ဦးမှာ မည်သည့် အထောက်အထောက်မှ မရှိဘဲ နေထိုင်ခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ အဆိုပါ KTV မှ လုပ်ငန်းသုံးမှတ်စုစာအုပ်များနှင့် လက်ကိုင်ဖုန်း ၇ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယင်း KTV မှာ မြန်မာများအတွက် သီးသန့် KTV ဖြစ်ပြီး သောကြာ၊ စနေ၊ တနင်္ဂနွေများတွင်သာ ဖွင့်လှစ်လည်ပတ်ကြောင်း၊ KTV သို့ လာရောက်သောအခါ အရက် မှာယူရန် လိုအပ်ပြီး လူ ၁ ဦးလျှင် မလေးရှား ရင်းဂစ် ၁၅၀ မှ ၂၀၀ အထိ ပေးချေ၍ စားပွဲထိုး မိန်းကလေး ခေါ်ယူရကြောင်း၊ KTV မှာ ၃ လကြာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေးဥပဒေများ၊ အရေးယူထားပြီး မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဆင့်ခေါ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article