ဒီကနေ့ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-တနင်္သာရီတိုင်းမှာ နယ်မြေကွင်းဆင်းတဲ့အချိန် KNUရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ဘုတ်ပြင်း စကခ ၁၃ က ဒုစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်ကို နာရေးသဂြိုလ်ချိန်မှာ ဗိုလ်မှူးချုပ်ကို စစ်တပ်က ရာထူးတိုးပေးလိုက်ပြီး သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ် ပေးအပ်မယ်ဆိုတာကို စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်ပအစားထိုးသွင်းကုန်တွေ အစား ပြည်တွင်းထုတ်ကုန်တွေကို ဆိုင်တွေဖွင့်လှစ်ရောင်းချဖို့အတွက် စစ်ကော်မရှင်က ပြည်နယ် /တိုင်းအစိုးရတွေကို အရေးပေါ် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ပြည်ပထုတ်ကုန်တွေကန့်သတ်ပြီးပြည်တွင်းထုတ်ကုန်တွေနဲ့ ပတ်သတ်ပြီး ညွှန်းကြားမှုတွေလုပ် နေပေမယ့် တခြားတဖက်မှာတော့ အသက် မပြည့်သေးတဲ့ လူငယ်တွေကို ပေါ်တာဆွဲတာတွေလုပ်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
