ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ဆန်းကြွယ်ရွာ၌ ယမနေ့ တစ်နေကုန်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်ကောင် စီတပ်သား အများအပြား သေဆုံးကာ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၆ ရက် နံနက် ၃ နာရီခန့်အချိန် ဖားကန့်မြို့အနီးရှိ ဆန်းကြွယ်ရွာ၌ အထိုင်ချ တပ်စွဲထားသော KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့ များရှိရာသို့ ဖားကန့်မြို့အတွင်းရှိ အကြမ်းဖက်စစ် ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ် ခတ်တိုက်ပွဲ တစ်နေကုန်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။
“မနေ့က တိုက်ပွဲဖြစ်တဲ့နေရာက ဖားကန့်နဲ့ ၅ မိနစ်တောင်မဝေးဘူး။ နီးနီးလေးပဲ၊ ဖားကန့်မြို့နဲ့ ဟိုဘက်ကမ်းဒီဘက်ကမ်းပေါ့၊ နီးနီးလေးပဲ။ ဖားကန့်ကနေ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ဖားကန့်အနီး မော်တောင်းနဲ့ ဆန်းကြွယ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာ၊ KIA ၊ KPDF တွေပူးပေါင်းတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ မော်တောင်း၊ ဆန်းကြွယ်ဘက်ကို စစ်ကြောင်း ထိုးလာလို့ တိုက်ပွဲဖြစ်ကြတာ၊ မနက် ၃ နာရီလောက်ကနေ တိုက်ပွဲအကြီးအကျယ်ဖြစ်တာ၊ တနေ ကုန် တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်တာတွေ၊ သေဆုံး တာ တွေများတယ်၊ အလောင်းတောင်မဆွဲနိုင်တဲ့အခြေအနေအထိ ထိခိုက်သေဆုံးတာများတယ် အထိ အခိုက်အသေအဆုံးများတယ်၊ မနက် ၃ နာရီကနေစတဲ့တိုက်ပွဲ ညနေအထိ တိုက်ပွဲဖြစ်တာ၊ လက် နက်ကြီးအပြန်အလှန်ပစ်တယ်၊ မနေ့တုန်းက တိုက်ပွဲ တော်တော် ပြင်းထန်သွားတာ၊” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာနေရာများကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆန်းကြွယ်ကျေးရွာနေ အမျိုးသား ၁ ဦး သေဆုံးပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူ ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဖား ကန့်မြို့၊ မရှီကထောင်ရပ်ကွက်အတွင်းမှလည်း မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ မြစ်ကြီး နားဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။
“မနေ့က အဲဒီတိုက်ပွဲဖြစ်တော့ ပြည်သူတွေဘက်ကလည်း ၁၀ ယောက်ကျော်ထိတယ်၊ ဆန်းကြွယ် ဘုန်းကြီး ကျောင်းက ဘုန်းကြီးတစ်ပါးလည်း ထိတယ်၊ ပြီးရင်ပြည်သူတစ်ယောက်သေတယ်၊ လင် မယား နှစ်ယောက်က သူ့ယောက်ျားသေသွားတာ၊ ပြီးတော့ နောက်ထပ်ပြည်သူတွေလည်း ထိတယ်၊ မနေ့တုန်းက ၁၀ ယောက်ကျော်ထိတာ၊ တနေ့လုံးပေါ့၊ မရှီကထောင်ရပ်ကွက်၊ ဆန်းကြွယ်ရဲ့ ဟို ဘက်ကမ်း၊ ဥတုချောင်းရဲ့ အရှေ့ဘက်ကမ်းပေါ့၊ ဖားကန့်မြို့က မရှီကထောင်ရပ်ကွက်မှာလည်း မိန်းကလေးတစ်ယောက်ထိတယ်။ သူက မြစ်ကြီးနားဆေးရုံပို့ရတယ်။ ပြီးရင် ဖားကန့်ကျောက်ဝိုင်း အေးမြသာယာမှာလည်း ကောင်မလေးတစ် ယောက်ထိတယ်၊ လက်နက်ကြီးကျည်စ ထိမှန်တာတွေ ရှိတယ်၊ မနေ့က ပြည်သူတွေထိတာ ၁၀ ယောက်ကျော်တယ်၊ တစ်ယောက်သေတယ်၊” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ဖားကန့်မြို့သို့ အကြမ်းဖက်စစ်တပ်ရောက်ရှိချိန်မှစ၍ ယနေ့အထိ ၃ လကျော်အတွင်း အကြမ်းဖက် စစ်တပ်၏ ပစ်သတ်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ပြည်သူ ၇၀ ဦးကျော်သေ ဆုံးပြီး ၂၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဖားကန့်မြို့အနောက်ခြမ်းရှိ ကျေးရွာ ၁၀ ရွာ ကျော်မှ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး အရေးပေါ် စားဝတ်နေရေးအကူအညီများလိုအပ် လျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားနေပြီး အင်အားများ ထပ်မံဖြည့်တင်းလျက်ရှိရာ စစ်ကူစစ်တပ်အင်အားများ ၃ ကြိမ်မြောက်ဖြည့်တင်းမှု ရှိသွားပြီဖြစ်ကြောင်း သိရသည်။
“ဖားကန့်မှာ စစ်ကောင်စီစစ်ကြောင်းရောက်လာကတည်းက စခတွေ ထိခိုက်တာ၊ သေဆုံးတာတွေ တော်တော်များတယ်၊ သူတို့ထိခိုက်သေဆုံးတာများတဲ့အတွက် စစ်ကြောင်း ထပ်ထပ်ပို့နေတာ၊ အခု က ၃ ကြောင်းမြောက်ရောက်လာတာ၊ ဖားကန့်မှာ တိုက်ပွဲ တွေ တောက်လျှောက်ပြင်း ထန်နေ တာ၊ ၃ လကျော်ပြီ။ နေ့တိုင်းတိုက်ပွဲရှိတယ်၊ လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်ကြတယ်။ ပြီးရင် ဖားကန့်က ကျေးရွာ ၁၀ ရွာကျော်ပေါ့၊ ဖားကန့်အနောက်ခြမ်း တစ်ခြမ်းလုံးနီး စစ်ဘေးရှောင် နေရ တာ၊ ပြည်သူတွေလည်း စားဝတ်နေရေး ခက်ခဲတယ်။ အကူအညီတွေလည်းတော်တော်လိုအပ် တယ်၊ စစ်ဘေးရှောင်ရတဲ့ပြည်သူတွေက မနေ့တုန်းကတော့ ဆန်းကြွယ်နဲ့ မော်တောင်းရွာ စစ်ရှောင် ရတာ။ တော်တော်များများ ၁၃ ရွာလောက်ရှိတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
