28.4 C
Yangon

ပွင့်ဖြူမြို့နယ်၊ ဖလံကျင်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၇

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဖလံကျင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၁ နာရီကျော်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ ဖလံကျင်းကျေးရွာအနီးသို့ ခလရ ၁၀ တပ်ရင်း စကုမြို့မှ ပျူစောထီးများနှင့် ဝါစိုက်ပျိုးရေးတပ်မှ စစ်သားများ ပူးပေါင်းထားသည့် စစ်ကား ၃ စီး၊ ဂျန်ပါကား ၁ စီးနှင့် အင်အား ၁၅၀ ခန့်ပါသော စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ညနေ ၄ နာရီထိ ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို လာရောက် သယ်ဆောင်သည့် စစ်ကားများကိုလည်း ပွင့်ဖြူမြို့နယ်၊ မကျီးစုကျေးရွာ အဝင်တွင် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးကျော်သေဆုံးကာ ၁၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၁ ခွဲက ဖလံကျင်းကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်တယ်။ သေဆုံး ဒဏ်ရာရတွေကို 4wheel ကားနဲ့ သုံးခေါက်လာ သယ်တယ်။ ညနေ ၄ နာရီဝန်းကျင် မကျီးစုရွာ အဝင် မှာ မိုင်းထပ်ထိတယ်။ စစ်ကား နဲ့လာသယ်ပြီး မကွေးတပ်မတော် ဆေးရုံဘက်ကို အမြန်မောင်းသွားတယ်။ ဖြစ်စဉ်နှစ်ခုမှာ စစ်ခွေး ၁၀ ဦး ကောင်သေတယ်။ ၁၂ ဦးဒဏ်ရာရတယ်” ဟု ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းနေ့ ညပိုင်းတွင် မဲဇလီကျေးရွာရှိ တိုက်နယ်ရဲစခန်းအတွင်းသို့ ဝင်ရောက်သွားပြီး ထိုသို့ ဝင်ရောက်ချိန်တွင် စစ်သား ၁၀၀ ခန့်သာ ရှိတော့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article