မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာတွင် ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယနေ့ စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ ကလေးငယ်များ စာသင်ကြားနေသော နေအိမ်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ကလေး ၅ ဦးအပါအင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဂျက်ဖိုက်တာနဲ့ လာကျဲသွားတာဖြစ်ပါတယ်။ ရော့ကတ်နဲ့ပစ်သွားတာလို့ ယူဆရာပါတယ်။ အလုံး ရေအတိအကျတော့ ပြောရခက်တယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ အပြင်းအထန်ဒဏ်ရာရတဲ့သူတွေ လည်းရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုအော် စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အကြမ်းဖက် စစ်တပ်သည် အရပ်သား ပြည်သူများကို ပစ်မှတ်ထားပြီး ပြည်သူပိုင် နေအိမ်များ ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို မကြာခဏ ဦးတည်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို အောက် တန်းကျကျ ကျူးလွန်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်


