တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် စစ်အာဏာသိမ်းမှု အလိုမရှိ ဆန့်ကျင်ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲကို MFDMC ပြည်ပထောက်ပို့အဖွဲ့၊ အသောကသုခ ဂူမိထောက်ပို့အဖွဲ့၊ နွေဦးတော်လှန်ရေး စိတ်ပါဝင်စားသူအင်အားစုများ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲ အလိုမရှိ ကန့်ကွက်ကြောင်း၊ သံအမတ်ကြီးဦးကျော်မိုးထွန်း UN ကုလသမဂ္ဂတွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် ထောက်ခံကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းကလည်း လူထုခေါင်းဆောင်၏ ကျန်းမာရေးအထူးစိုးရိမ်ကြောင်း၊ လူစိတ်မရှိသည့် စစ်အာဏာသိမ်းအုပ်စုအောက်တွင် လူ့အခွင့်အရေးများ ချိုးဖောက်ခံရသည့် ဖိနှိပ်မှုများမှ လွတ်မြောက်အောင် ပြည်တွင်းပြည်ပတော်လှန်အင်အားစုများ၊ ပြည်သူလူထုများ စွမ်းနိုင်ရာဖြင့်အာဏာရှင်စနစ်ဆိုးက လွတ်မြောက်အောင် ဆက်လက် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


