26.7 C
Yangon

သရက်ချောင်း၊ သင်းကျွန်းရွာကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာစဉ် ပြည်သူများက နေအိမ်များကို မီးမရှို့ရန် ရှိခိုး တောင်းပန်ခဲ့သော်လည်း နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သင်းကျွန်းရွာကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာစဉ် ပြည်သူများက နေအိမ်များကို မီးမရှို့ရန် ရှိခိုး တောင်းပန်ခဲ့သော်လည်း နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ သင်းကျွန်းရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာစဉ် ကျေးရွာနေပြည်သူများက နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းမပြုလုပ်ရန် ရှိခိုး တောင်းပန်ခဲ့ကြောင်း၊ သို့သော် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရန်တောင်ကျေးရွာကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ရန်တောင်ကျေးရွာမှ နေအိမ် ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားကာ အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်သွားကြောင်း သိရှိရသည်။

“သင်းကျွန်းရွာကို စစ်ခွေးစစ်ကြောင်း ဝင်လာတဲ့ အချိန်မှာ ပြည်သူတွေက အနေအိမ်တွေကို မီးမရှို့ဖို့ ထိုင်ရှိခိုးပြီး တောင်းပန်နေတာတောင် နေအိမ် ၈ လုံးကို မီးရှို့သွားတယ်။ ပြည်သူတွေကိုလည်း ဆဲဆို သွားတယ်။ တော်တော်ကို မိုက်ရိုင်းတဲ့ ကောင်တွေပါ။ အဲကောင်တွေက သရက်ချောင်းမြို့နယ် အခြေစိုက် ခမရ ၄ဝ၃ ၊ ခမရ ၄ဝ၄ နှင့် ခမရ ၄ဝ၅ တပ်ရင်းက စစ်ခွေးတွေပါ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဩဂုတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ၁၄ ရက်ကြာ လိုက်လံ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အလောင်း ၂ လောင်းနှင့် MA-4 သေနတ် ၁ လက်နှင့် MA-1 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး စစ်မှုထမ်းတပ်သား ၆ ဦးကိုလည်း အရှင်ဖမ်းဆီးရမိကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ ဖြတ်သန်း သွားရာ လမ်းတောက်လျောက်ရှိ ကျေးရွာများကို ဆက်တိုက် ဝင်ရောက်စီးနင်းကာ ဩဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် မိုင်းရွှေကုန်းနှင့် စော်ဖျားရွာတို့မှ နေအိမ် ၇၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်တောင်ကျေးရွာကို စစ်တပ် စစ်ကြောင်း ရောက်ရှိလာစဉ် နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း မပြုလုပ်ရန် ရှိခိုး တောင်းပန်နေသော ပြည်သူများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article