25.8 C
Yangon

အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးနှင့် ကုမ္ပဏီ ၆ ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေး ယူ

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ရွှေက္ကိုလ်မြို့အတွင်း အွန်လိုင်းကျားဖြန့် လိမ်လည်စင်တာများကို လည် ပတ်ဦးစီးနေသော စောမင်းမင်းဦး၊ စောတင်ဝင်း အပါအဝင် စစ်တပ်လက်အောက်ခံ BGF/KNA မှ ဗိုလ်မှူးကြီးစောချစ်သူနှင့်ဆက်စပ်သော လူပုဂ္ဂိုလ် ၃ ဦးနှင့် ကုမ္ပဏီ ၆ ခုကို အမေရိကန်အစိုးရက ဒဏ်ခတ် အရေးယူပိတ်ဆို့ကြောင်း ယနေ့ ကြေညာသည်။

အမေရိကန်အစိုးရ ၊နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC)က အရှေ့ တောင်အာရှတွင် အမေရိကန်ထံမှ ဒေါ်လာ ဘီလီယံပေါင်းများစွာ ခိုးယူလိမ် လည်နေသော အွန်လိုင်းကျားဖြန့် ငွေလိမ်ကွန်ရက်ကြီးကို ဒဏ်ခတ် အရေး ယူပိတ်ဆို့လိုက်ကြောင်း၊ အဆိုပါကွန်ရက်က အကြမ်းဖက်မှုနှင့် အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုများကိုလည်း ကျူးလွန်နေကြောင်း၊ ယင်းအရေးယူသည့် အထဲတွင် ကရင်အမျိုးသားတပ်မတော်(KNA) ၏ အကာအကွယ်ပေးမှုအောက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ရွှေက္ကိုလ်မြို့သစ်အတွင်း လည်ပတ်နေသော လူပုဂ္ဂိုလ် ၃ ဦးနှင့် ကုမ္ပဏီ ၆ ခုကို အရေးယူပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။

“အရှေ့တောင်အာရှ၏ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းက အမေရိကန်ရဲ့ ကျန်း မာရေးနဲ့ဘဏ္ဍာရေးလုံခြုံရေးကို ခြိမ်းခြောက်ရုံသာမက လူထောင်ပေါင်းများစွာကို ခေတ်သစ်ကျွန်အဖြစ်သို့ သက်ရောက်စေသည်” ဟု အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ John K. Hurley က ထုတ်ဖာ်ပြောဆိုထားသည်။

အမေရိကန်၏ ပစ်မှတ်ထား အရေးယူမှုသည် KNA က အကာအကွယ်ပေး လည်ပတ်နေသော ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေက္ကိုလ်ကို အဓိက ပစ်မှတ်ထားပြီး KNA က မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဆိုက်ဘာလိမ်လည်မှုစင်တာများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ၊ လူကုန်ကူးမှုများ၊ အတင်းအကျပ် အလုပ်ခိုင်းစေမှုများမှ အမြတ်အစွန်းများရကာ KNA ခေါင်းဆောင်များ အကျိုးအမြတ် ဖြစ်ထွန်းနေကြောင်း အမေရိကန်က ပြောသည်။

မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ရှိ Yatai New City မှာ She Zhijiang နှင့် ဗိုလ်မှူးကြီး စောချစ်သူတို့ ဖန်တီးထားသော အဓိက ငွေလိမ်လည်သော စင်တာကြီးဖြစ်ပြီး ၈ နှစ်အတွင်း သူတို့သည် သောင်ရင်းမြစ်ဘေးရှိ ရွာလေးတစ်ရွာအား လောင်း ကစား၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ပြည့်တန်ဆာလုပ်ငန်းနှင့် ကမ္ဘာတဝှမ်းရှိ လူများ အထူးသဖြင့် အမေရိကန်လူမျိုးများကို ပစ်မှတ်ထား၍ လှည့်စားမှုများ ပြုလုပ်ရန်အတွက် တည်ဆောက်ထားသော လောင်းကစားမြို့အဖြစ် ပြောင်းလဲခဲ့ကြောင်း အမေရိကန်က ဆိုသည်။

ရွှေက္ကိုလ် ရှိ ကျားဖြန့်ဂိုဏ်းများက အွန်လိုင်းလိမ်လည်သူများအဖြစ် လူများကို အတင်းအကျပ် ဖမ်းဆီးကာ ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ အတင်း အကျပ် လုပ်အားပေးခိုင်းစေခြင်းများဖြင့် ကမ္ဘာတစ်ဝန်းမှ ငွေလိမ်အလုပ်လုပ်ကြမည့် လူသစ်များကို စုဆောင်း လူကုန်ကူး အလုပ်လုပ်စေခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်လာသူများမှာ မိသားစုက ပြန်လည် ရွေးယူရခြင်း၊ ငွေလိမ်သည့်ပမာဏ မပြည့်မချင်း ရိုက်နှက်ခံရခြင်း၊ လိင်ကျွေးကျွန်အဖြစ် အတင်းအကျပ် စေခိုင်းခံရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ကြုံနေရကြောင်း သိရှိရသည်။

KNA ၏ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက တင်ဝင်းနှင့် စောမင်းမင်းဦး ကဲ့သို့သော ယုံကြည်ရသော လက်အောက်ငယ်သားများကို တာဝန်ခွဲဝေ အပ် နှင်းထားပြီး စောတင်ဝင်းနှင့် စောမင်းမင်းဦးတို့က ရွှေက္ကိုလ်မြို့ လည်ပတ်ရေး ဦးစီးလုပ်ကိုင်ကြသည်။

အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်သည့် လူပုဂ္ဂိုလ် ၃ ဦးမှာ KNA မှ စောတင်ဝင်း၊ စောမင်းမင်းဦး၊ SHE ZHIJIANG တို့ဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့လိုက်သည့် ကုမ္ပဏီ ၆ ခုမှာ Myanmar Yatai International Holding Group Co., LTD. (Myanmar Yatai) ၊ ချစ်လင်းမြိုင် သတ္တုတူးဖော်ရေးနှင့် စက်မှုကုမ္ပဏီ၊ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီ ၊ ချစ်လင်းမြိုင်ကုမ္ပဏီ ၊ ရွှေမြစ်သောင်ရင်းစက်မှုနှင့်ကုန်ထုတ်လုပ်ငန်းကုမ္ပဏီ၊YATAI INTERNATIONAL HOLDING GROUP LIMITED တို့ပါဝင်သည်။

အမေရိကန်က ယခုနှစ်မေလအတွင်း ငွေလိမ်ဂိုဏ်းများကို အကာအကွယ်ပေးပြီး လည်ပတ်နေသည့် ကရင်နယ်ခြားစောင့်တပ် (BGF/KNA) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ သားဖြစ်သူ စောထူးအယ်မူး နှင့် စောချစ်ချစ်တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပြီးဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article