25.4 C
Yangon

ဘုတလင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် မြို့နယ် ထွေ/အုပ်ရုံးကို အကြိမ်ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် မြို့နယ် ထွေ/အုပ်ရုံးကို အကြိမ် ကြိမ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၃ ဦး သေဆုံးခဲ့ပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း၏ စစ်ကြောင်းမှူး ကြွက်ကလေး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့ထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း ရက် ၂၀ ကျော်ကြာအ ထိတွေ့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၀ ရက်၊ ၂၆ ရက်နှင့် ၃၁ ရက်နေ့တို့တွင် ကံသစ်ရွာ၊ ပဲပြစ်တောရွာ၊ ကံသာရွာဘုန်းကြီးကျောင်းနှင့် ကုန်းသာရွာ အနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် ဘုတလင်မြို့နယ် ထွေ/အုပ် ရုံးကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၃ ရက်နှင့် ၈ ရက်နေ့တို့တွင် ရွှေတောင်ရွာ ဘုန်းကြီးကျောင်း အနီးနှင့် ဥက္ကာမင်းသစ် ဆီဆိုင် အနီးတွင်လည်း တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃၃ ဦးသေဆုံးကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ MA-1 သေနတ် ၁ လက် ၊ MA-11 သေနတ် ၁ လက် ၊ အီကွေးမန့် ၊ ကျဉ်ကာ ၊ ကျဉ်ကာဦးထုပ်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲတွေ အတွင်းမှာ စစ်ခွေး ၃၃ ကောင်သေပါတယ်။ တိုက်ပွဲကတော့ နေ့စဉ်ကို ဖြစ်ခဲ့တာ စစ်ခွေးစစ်ကြောင်းက နမခ ကနေ စစ်ကြောင်းထိုးလာတာပါ။ ထိခိုက်မှုလည်း အရမ်းများတယ်။ ကျနော်တို့ လက်နက် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်” ဟု ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း၏ စစ်ကြောင်းမှူး တစ်ဦးဖြစ်သူ ကြွက်ကလေး က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၈ ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန် လည် ဆုတ်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article