25.4 C
Yangon

ရေဖြူမြို့နယ်၊ ရာဖူးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၃ နှစ် အရွယ် မငွေမှုံဦး ပွဲချင်းပြီး သေဆုံး၊ သေဆုံးသူ ကလေးငယ်၏ ဖခင်ကို စစ်တပ်က ဖမ်းဆီးထား

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၃ နှစ် အရွယ် မငွေမှုံဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နည်းဗျူဟာ ၃၃ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ရေဖြူမြို့နယ်၊ မရမ်းချောင်းရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရာဖူးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်စ ဦးခေါင်းကို ထိမှန်ကာ အသက် ၃ နှစ်အရွယ် မငွေမှုံဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၄၀ နှစ်အရွယ် ကိုဝင်းရွှေလည်း ကျည်စထိမှန်ကာ ခြေသလုံးဖောက်ဝင် အရိုးကျိုးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ရာဖူးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မရမ်းချောင်းရွာမှာ အထိုင်ချထားတဲ့ စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျေးရွာနေအိမ်ပေါ်ကျတာ ၃ နှစ်အရွယ် မငွေမှုံဦး ဦးခေါင်း ကျည်စ ထိမှန်ပြီး ပွဲသေဆုံးပြီးသေဆုံးတယ်။ တစ်ရွာတည်း နေထိုင်တဲ့ ကိုဝင်းရွှေလည်း ဘယ်ခြေသလုံးဖောက်ဝင် အရိုးကျိုးဒဏ်ရာရရှိခဲ့တယ်” ဟု နည်းဗျူဟာ ၃၃ ၏ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က သေဆုံးသွားသော မငွေမှုံဦး၏ ဖခင် ကိုသူရအောင်ကို စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းက နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလိန်အောင်ဘက်မှ တက်လာသည့် ကား ၂ စီးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ကား ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် အမှတ် ၈ ပြည်ထောင်စုလမ်းကို ပြန်လည်စိုးမိုးနိုင်ရန်အတွက် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၂ လနီးပါးခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article