ကချင်ပြည်နယ် ဖားကန့်မြို့ တွင် ဖားကန့် ၊ဆိုင်းတောင် ၊ဝှေခါ ၊လုံးခင်း ပြည်သူများက စက်တင်ဘာ ၉ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနှင့် မင်းအောင်လှိုင် ဦးဆောင် ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ပွဲကို ကျင်းပခဲ့ကြသည်။
ဖားကန့်မြို့ရှိ ဝှေခါ ၊လုံးခင်း၊ဖားကန့်၊ ဆိုင်းတောင် နေရာ ၄ နေရာတွင် ဖားကန့်ပြည်သူများက “တရားမဝင် အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက် ဖက်ဒရယ် လမ်းကို ရဲရဲလျောက်”၊ “စစ်အာဏာရှင်လုပ်တဲ့ ဒီမိုကရေစီအပြောင်းအလဲဆိုတာ ဖာခေါင်းက လုပ်တဲ့ပြည်တန်ဆာ ပပျောက်ရေးလိုပဲ ဖြစ်လိမ့်မယ်”၊ “ဘုံရန်သူ အာဏာရှင်တွေကို အမြစ်ဖြတ် တပ်ပေါင်းစုဖြင့်တိုက်ကြစို့”၊ “ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး စစ်အာဏာရှင်ဘက်ရပ်တည်နေတဲ့ တရုတ်အစိုးရ အလိုမရှိ”၊ “စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ ပြည်သူအားလုံး အဆုံးထိ ပူးပေါင်းပါဝင်ကြစို့” စသည့် စာတန်းများကိုင်ဆောင်ကာ လူထူလှုပ်ရှားမှုပြုလုပ်ခဲ့ကြကာ တနိုင်ငံလုံးရှိ ပြည်သူများကလည်း မင်းအောင်လှိုင် ကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ပြီး ပူးပေါင်း ပါဝင်ခြင်းမပြုလုပ်ကြရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။


