ဒီကနေ့ စက်တင်ဘာ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့ခေါင်းဆောင် စောချစ်သူရဲ့ လက်ရုံး စောတင်ဝင်း နဲ့ စောမင်းမင်းဦး အပါအဝင် စောချစ်သူနဲ့ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ် ၃ ဦး နဲ့ ကုမ္ပဏီ ၆ ခုကို အမေရိကန်က ထပ်မံ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။
လူထုခေါင်းဆောင် ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ တစုံတရာ ချို့ယွင်းဆိုးရွားခဲ့မယ်ဆိုရင် နိုင်ငံတော် ပုံကန်မှုကို ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုက တာဝန်ခံရမှာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ ရဲစခန်းနဲ့အနီးဆုံးမှာရှိတဲ့ ရွှေဆန်းလီရွှေဆိုင်ဟာ နေ့ခင်းအချိန်ကြီးမှာကို ဓားပြတိုက်ခံရပြီး ရွှေထည် နဲ့ လက်ဝတ်ရတနာတွေ ပါသွားပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
