24.9 C
Yangon

ပလမြို့တွင် ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေသော စစ်တပ်ကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦး ထိခိုက်သေဆုံးဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်း၊ ပလမြို့တွင် ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပလမြို့၊ အမှတ် ၄ ရပ်ကွက် ကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် အကြမ်းဖက် စစ်တပ်က ၄ ရပ်ကွက်တွင် တပ်စွဲအထိုင်ချခဲ့ကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပလမြို့တွင်း ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကြောင်းသည် မြို့ပြင်ကို ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒုတိယအကြိမ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးထက်မနည်း ထိခိုက်သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

” ပုလော ပကဖ က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ခွေး တပ်သား ၇ ဦးခန့် ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ အဲ စစ်ခွေး စစ်ကြောင်း က ဖမ်းထားတဲ့ ပြည်သူ ၃ ဦးကို စစ်ကြောင်းရှေ့ပြေး ကင်းထောက်လွှတ်တာတွေလည်းရှိတယ်။ ဖမ်းထားတဲ့သူတွေထဲက အမျိုးသမီးတွေကို မနေ့ ညနေက ပြန်လွှတ်ပြီဆိုတဲ့သတင်းတော့ကြားတယ်။ သူတို့ ဖမ်းထားတဲ့ အမျိုးသားတွေကိုတော့ ပလ ရဲစခန်းကို ဖမ်းခေါ်သွားတယ်လို့ သတင်းရပါတယ်။ ဒီနေ့တော့ ပလမြို့ဘက်မှာ တိုက်ပွဲ ငြိမ်နေပါတယ်” ဟု ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ပလမြို့အနီးတွင် ရှိနေသောကြောင့် ပြည်သူများ အနေဖြင့် သတိပြုသွားလာကြရန် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article