26.1 C
Yangon

မြိုင်မြို့နယ်၊ ညောင်ကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦးများ ထိခိုက် ပျက်စီး၊ ကျောက်တော်မြို့အနီးကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အဆောက်အဦးများ ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြိုင်မြို့နယ်၊ ညောင်ကုန်းရွာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦး ၂ လုံး ထိခိုက် ပျက်စီးကာ လျှပ်စစ် မီးလိုင်းများလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချ သွားတာပါ။ အရင်တုန်းက ဆေးရုံအဟောင်း အဆောက်အုံ ၂ ခု ပျက်စီးတယ် လျှပ်စစ်မီးလိုင်းလည်း ပျက်စီးတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အနီး သရီချောင်းဘက်ရှိ တောတောင်များကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကျောက်တော်မြို့အနီး သရီချောင်းဘက်ရှိ တောတောင်များကို အကြမ်းဖက် စစ်တပ်က ဗုံး ၅ လုံးထက်မနည်း ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ဩဂုတ်လ ၂၅ ရက်နေ့ကလည်း မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ရှိ အလှူလုပ်နေသော နေအိမ်ကို စစ်တပ်က ပေါင် ၅၀၀ ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သားပြည်သူ ၁၅ ဦးသေဆုံးခဲ့ရပြီး ပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article