27.5 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကချင်ပြည်နယ်၊ ဗန်းမော်မြို့က သံချပ်ကာတပ်ရင်းနဲ့ ခလရ ၂၃၆ ကို KIA ပူးပေါင်းတပ်တွေ ထိန်းချုပ် ထားရာကနေ စစ်တပ်က ပြန်လည်ရယူသွားပေမယ့် KIA မဟာမိတ်ပူးပေါင်းတော်လှန်ရေးတပ်တွေ အားလုံး ဗန်းမော်မြို့ပေါ်မှာ ဆက်လက်ဖြန့်ကျက်နေရာယူကာ ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ကရင်ပြည်နယ်၊ မြ၀တီမြို့ကို စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာခဲ့ပြီးနောက် မြ၀တီမြို့မှာ ညပိုင်းမှာ လူငယ်တချို့ ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– မန္တလေးမြို့၊ မဟာအောင်မြေမြို့ နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃×၃၆လမ်းထောင့်က COVER နိုက်ကလပ်မှာ DJ Violet က ဘုရားစာဖြစ်တဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကို DJ ဖွင့် ကခုန်ခဲ့တဲ့အတွက် စစ်တပ်က DJ Violet ကို ဖမ်းဆီးကာ COVER နိုက်ကလပ်ကိုလည်း ချိတ်ပိတ်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article