27.5 C
Yangon

ထိုင်းနိုင်ငံသို့ ရေလမ်းဖြင့် တရားမဝင် ဝင်ရောက်ရင်း ရေနစ်သေဆုံးသည့် မြန်မာနိုင်ငံသား ၃ ဦး၏ ရုပ်အလောင်း တွေ့ရှိရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် ထိုင်းနိုင်ငံအတွင်းသို့ ရေလမ်းဖြင့် တရားမဝင် ဝင်ရောက်ရင်း ရေနစ်သေဆုံးသည့် မြန်မာ နိုင်ငံသား ၃ ဦး၏ ရုပ်အလောင်း တွေ့ရှိရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဗာဂျီရာလောင်ကွန်း ရေလှောင်ကန်တွင် တရားမဝင် ရွှေ့ပြောင်း မြန်မာနိုင်ငံသား ၃ ဦး၏ ပုတ်ပွနေသော ရုပ်အလောင်းများကို တွေ့ရှိရကြောင်း၊ အဆိုပါ ရုပ်အလောင်းများမှာ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် လှေဖြင့် ဝင်ရောက်လာသော ရွှေ့ပြောင်း မြန်မာနိုင်ငံသား ၂၂ ဦးပါ လှေမှာ သစ်ငုတ်ဖြင့် တိုက်မိရာမှ မြန်မာနိုင်ငံသား ၃ ဦး ရေထဲပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာရွှေ့ပြောင်း ၃ ဦး၏ ရုပ်အလောင်းမှာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ဖြစ်ပြီး ရင်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ရန် ဆန်ခလဘူရီ ဆေးရုံသို့ ပိုဆောင်ထားကြောင်း၊ အဆိုပါ ရေလမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် မြန်မာနိုင်ငံသားများ ဝင်ရောက်လာလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်မှ ကန်ချနဘူရီအတွင်းသို့ ဝင်ရောက်ရာ တွင် ယင်းရေလမ်းကြောင်းကို အသုံးပြုကြောင်း သိရှိရသည်။

လတ်တလော ရေထဲပြုတ်ကျသေဆုံးသည့် မြန်မာ ၃ ဦး ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများကို ဆန်ခလဘူရီ ရဲစခန်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article