26.3 C
Yangon

မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာမှ ထွက်လာသော စစ်ကား ၃ စီးပါ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာမှ ထွက်လာသော စစ်ကား ၃ စီးပါ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ် မြောက်ဘက်ရှိ ကျောက်ပြုတ်ရွာမှ ထွက်လာသော စစ်ကား ၃ စီးပါ ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျောက်ပြုတ်ရွာကနေ ရုတ်တရက် စစ်ကြောင်ထိုးလာတဲ့ စစ်ခွေးတွေ လိုက်ပါလာတဲ့ ကား ၃ စီးက ကျနော်တို့ စောင့်နေတဲ့ နေရာနဲ့ တည့်တည့်ဝင်တိုးလို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်ခွေးတွေက ကားပေါ်ကနေ ဆင်းပြေးလို့ တော်တော်လေးကို အထိနာခဲ့တယ်။ အဲလိုတိုက်ခိုက်ခံရတော့ နောက်ကားတွေလည်း ပြန်ဆုတ်ပြေးသွားတယ်။ တိုက်ပွဲ အတွင်းမှာ စစ်ခွေး ၈ ကောင် ထိခိုက်သေဆုံးတယ်။ ဒဏ်ရာရတာလည်း အရမ်းများတယ်” ဟု ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့နှင့် myingyam DangerDynamite အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article