ဒီကနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကချင်ပြည်နယ်ထဲက KIA ထိန်းချုပ်ထားတဲ့ မြေရှားသတ္ထုကို အိန္ဒိယ နိုင်ငံက ဝယ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှု မရှိပဲ အမေရိကန်နဲ့ တရုတ်ကြား ၊ တရုတ် နဲ့ အိန္ဒိယအကြား ကစားဖို့ သတင်းတွေ ထုတ်လွှင့်နေပုံရတယ်လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်ကို အတည်ပြုပြော ဆိုထားပါတယ်။
– မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် CTUM ရဲ့ အမည်၊ တံဆိပ် နဲ့ အလံပုံကိုပါ အကြမ်းဖက် စစ်တပ်က ခိုးယူသုံးစွဲမှုအတွက် CTUM အဖွဲ့က မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို တိုင်ကြားထားပြီး တစ်ဖက်က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားရေးဌာနကိုပါ စာတင်ထားတယ်လို့ CTUM အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ဧရာဝတီတိုင်း ၊ မော်လမြိုင်ကျွန်းမြို့နယ်က ရွှေကျေးလေးကျေးရွာမှာ ရာအိမ်မှူးစိန်မြင့်နဲ့ အဖွဲ့ရဲ့ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့်ကျေးရွာသား ကိုဝင်းထွန်းဦး သေဆုံးခဲ့ရပြီး ရဲက သတ်ဖြတ်သူတွေကို အရေးမယူဘဲ တိမ်းရှောင်ခွင့်ပေးထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




