30.8 C
Yangon

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို နိုက်ကလပ်တွင် ဖွင့်၍ ကခုန်မှုအတွက် DJ Violet လင်မယား၊ ဆိုင်ပိုင်ရှင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် စစ်တပ်က အမှုဖွင့်ဖမ်းဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို နိုက်ကလပ်တွင် ဖွင့်၍ ကခုန်မှုအတွက် DJ Violet လင်မယား၊ ဆိုင်ပိုင်ရှင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း စစ်တပ်က သတင်းထုတ် ပြန်သည်။

ဇူလိုင်လ ၃၁ရက်နေ့ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်တွင် DJ Violet (ခ) ခင်ထွေးထွေးမွန်နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို (ခ)မင်းထိုက်နှင့် Dice (ခ)ဉာဏ်လင်းထက်တို့ ဦးဆောင်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ တီး၍ ကခုန်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာ ၁၁ ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်အချိန် DJ တီးခတ်သူ DJ Violet (ခ) ခင်ထွေးထွေးမွန် နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက် တို့ကို ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်နေအိမ်တွင်လည်းကောင်း၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်(ခ)မျိုးအောင်၊ ဆိုင်မန်နေဂျာ ဇင်စုရနှစ်တို့ကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်တွင် လည်း ကောင်း စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် Cover Club ဆိုင်အတွင်းမှ DJ စက်နှင့် ဆက်စပ်ပစ္စည်းများအား သက်သေများနှင့်အတူသိမ်းဆည်းကာ Cover Club ဆိုင်အား ချိတ်ပိတ်လိုက်ကြောင်း၊ DJ Violet (ခ) ခင်ထွေးထွေးမွန်၊ DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်၊ Dice (ခ)ဉာဏ်လင်းထက်၊ ဆိုင်ပိုင်ရှင်သက်လွင်အောင် (ခ)မျိုးအောင်၊ ဆိုင်မန်နေဂျာဇင်စုရတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်ဟု စစ်တပ်က သတင်းထုတ် ပြန်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article