တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့တွင် စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင့်ဆန္ဒပြပွဲနှင့် နွေဦးတော်လှန်ရေးထောက်ပို့နိုင်ရေးဖလားဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ကြသည်။
ဆန္ဒပြပွဲတွင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူဒယ်ဂူးဘုန်းဘုန်းက ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူ လူထုများကို စောင့်ရှောက်ရမည်ဖြစ်သည့်အတွက် စွမ်းနိုင်ရာဖြင့် ထောက့်ပို့ပေးပြီးကုလသမဂ္ဂ UN သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာကိုယ်စားလှယ် အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန်၊ ထောက်ခံပေးရန်ကိုလည်း ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူနိုင်ငံသားများကို တိုက်တွန်းစကားမိန့်ကြားခဲ့သည်။


