ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြင်ဦးလွင်မြို့ကို ခေတ်မီမြို့တော်အဖြစ်အဆင့်မြှင့် တင်ရေး စီမံချက်အရ ပြင်ဦးလွင်မြို့က ဆိုင်ခန်းတွေအားလုံး မှန်တံခါးတပ်ဆင်ရမှာဖြစ်သလို မှန်ချပ်တွေ ကာရံရမယ်လို့ စစ်တပ်က အမိန့်ထုတ်လာကြောင်း ပြင်ဦးလွင်မှ ဆိုင်ခန်းပိုင်ရှင်တွေက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင်မလုပ်နိုင်ဘဲ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝမရနိုင်သလို စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ လူထုကို လှည့်ဖြားဖို့ဖြစ်တာကို သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ထပ်မံသတိပေးပြောဆိုလိုက်ပါတယ်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နဲ့ သံတောင်ကြီးမြို့နယ်ကို ဆက်သွယ်ထားတဲ့ တောင်ငူ-လိပ်သိုလမ်းပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို ၂ ကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်လို့ စစ်တပ်ဘက်က ၂၉ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
