28.1 C
Yangon

ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနှင့် ရေဖြူတို့ရှိ ကျေးရွာ ၁၀ ခုကျော်ကို စစ်တပ်က Y-12 လေယာဉ် ၂ စီးဖြင့် ၁၂၀ မမ ဗုံးများ အကြိမ် ၅၀ ကျော် ကျဲချ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ရေဖြူမြို့နယ်တို့ရှိ ကျေးရွာ ၁၀ ခုကျော်ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ် ၂ စီးဖြင့် ၁၂၀ မမ ဗုံးများ အကြိမ် ၅၀ ကျော် ကျဲချ တိုက်ခိုက်ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ရေဖြူ မြို့နယ်တို့ရှိ ကျေးရွာ ၁၀ ခုကျော်ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ် ၂ စီးဖြင့် ၁၂၀ မမ ဗုံးများ အကြိမ် ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း လောင်းလုံးမြို့နယ်၊ ဝေဒီရွာမှ အသက် ၆၀ နှစ် အရွယ် ဒေါ်တင်ရှိန် နှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အသက် ၆၀ နှစ်အရွယ် ဦးယူစိန်၊ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အသက် ၁၀ နှစ် အရွယ် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ တတောင်းစား မင်းအောင်လှိုင် ထားဝယ်လာမယ်ဆိုလို့ လေယာဉ်နဲ့ အကြောင်းမဲ့ လိုက်ကျဲတာ အခုလောလောဆယ်သိရတာတော့ လောင်းလုံးမြို့နယ်ထဲက ဝေဒီရွာက ပြည်သူ ၂ ဦး သေဆုံးတယ်။ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၅ ဦး ပြင်းထန်ဒဏ်ရာရတယ်။ တခြားမြို့နယ်တွေက ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့ပေါ်ကို မင်းအောင်လှိုင်လာရောက်မည်ဖြစ်၍ မြို့ပေါ်နေရာ အနှံ့တွင်လည်း အကြမ်းဖက် စစ်သား အများအပြား လုံခြုံရေး အပြည့်ချထားကာ မြို့အဝင်အထွက်များကိုလည်း စစ်ဆေးမှုများ တင်းကျပ်ထားကြောင်း သိရသည်။

(Facebook ၏ စည်းမျဉ်းများအရ Graphic Violence ဖြစ်နိုင်သော ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article