ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျောင်းသား၊ ကျောင်းသူ ၃ ဦးကို အုပ်စုဖွဲ့ဓားခုတ်မှုကျူးလွန်သည့် မြန် မာ လူငယ် ၁၅ ဦးကို ဖမ်းမိပြီဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ချင်းမိုင်ရဲ တပ်ဖွဲ့မှ ဒုတိယရဲချုပ် ဗိုလ်ချုပ်ကြီး ပရာချွတ်က ပြောဆိုသည်။
စက်တင်ဘာလ ၁၆ ရက်နေ့တွင် ၂၄ နာရီဖွင့်လှစ်ထားသည့် ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်ရှိ အဝတ် လျှော်ဆိုင်နှင့် စတိုးဆိုင်ရှေ့တွင် ကျောင်းသား၊ ကျောင်းသူ ၃ ဦးကို လူအချို့က အုပ်စုဖွဲ့ပြီး လက်၊ လက်မောင်းနှင့် နောက်ကျောတို့ကို ဓားဖြင့် ခုတ်၍ ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ အခင်းဖြစ်ပွားရာနေရာသို့ ချင်းမိုင်ရဲတပ်ဖွဲ့မှ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် သွား ရောက်စစ်ဆေးပြီး လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ဓားခုတ်မှုကို ဦးဆောင် ကျူးလွန် သည့် အသက် ၂၅ နှစ်အရွယ် စိုင်းအိုက်မောင် (ခေါ်) အမ် အပါအဝင် အသက် ၁၄ နှစ်မှ ၃၀ ကျော်အ ရွယ် မြန်မာလူငယ် ၁၅ ဦးကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လူငယ်များ၏ အုပ်စုဖွဲ့ ဓားခုတ်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အ သက် ၁၄ နှစ်အရွယ် ကျောင်းသူ ဦးမှာ လက်ကောက်ဝတ်ပြတ်သွားသောကြောင့် ပြန်ဆက်ထားရကာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။
အုပ်စုဖွဲ့ပြီး ရာဇဝတ်မှုကျူးလွန်သူ မြန်မာလူငယ် ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ပြင်းထန်သော ကိုယ်ထိ လက်ရောက် ကျူးလွန်မှု၊ လူ ၅ ဦးနှင့်အထက် ကျူးလွန်ရန် ပူးပေါင်း ကြံစည်မှုနှင့် လက်နက် (ဓား) ကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့်ထားပြီး တရားစွဲဆိုထားကြောင်း၊ ပြစ်ဒဏ်များချမှတ်ပြီးပါက ပြည်နှင် ဒဏ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် Black Lotus Gang” နှင့် “999 Gang” ဟု အမည်ပေးထားသော မြန်မာလူငယ်များက အုပ်စုဖွဲ့ ရိုက်နှက်မှုများ၊ အနိုင်ကျင့်မှုများ ကျူးလွန်နေကြောင်း သိရသည်။
