စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်လာ၍ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း ယင်းမာပင်ခရိုင်အမှတ် ၃၁ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ဘက်မှ စစ်မှုထမ်း တပ်သားသစ် ကိုနိုင်ရဲလင်း သည် သေနတ် ၁ လက် ယူဆောင်လာပြီး ယင်းမာပင်ခရိုင်အမှတ် ၃၁ တပ်ရင်း ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ကိုနိုင်ရဲလင်းသည် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 5.56 ကျည် ၅၀၀ တောင့်နှင့် လက်ပစ်မိုင်း ၁ လုံးတို့ယူဆောင်လာကာ အလင်းဝင်းရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာ၍ ယင်းမာပင်ခရိုင် အမှတ် ၃၁ တပ်ရင်းမှ တပ်ရင်းမှူး ဦးဘဂျမ်းက ငွေကျပ် သိန်း ၅၀ ချီးမြှင့် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
“အလင်းဝင်ရောက်လာတဲ့သူကို ကျွန်တော်တို့ ရဲဘော်တွေနဲ့ တန်းတူ ထားပါတယ်။ ဆက်လက်ပြီးတော့လည်း အလင်းဝင်ရောက်လာမယ့် စစ်သားနဲ့ စစ်မှုထမ်း တပ်သားတွေကိုလည်း ဆက်လက် ကြိုဆိုနေပါတယ်” ဟု ယင်းမာပင်ခရိုင်အမှတ် ၃၁ တပ်ရင်း မှ တာဝန်ရှိသူက ပြောဆိုသည်။
