မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်တွင် ထန်းတက်နေသော ပျူစောထီးများကို သွားရောက် တိုက်ခိုက်မှု ပျူစောထီးများ ထိခိုက်မှုကြောင်း TYK ပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော် စောကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် မြိုင်မြို့နယ် တောင်ပိုင်းရှိ သရက်ကန် ပျူစောထီးရွာမှ ပျူစောထီးများသည် ထန်းတက်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ပျူစောထီးများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ပျူစောထီးတွေက ထန်းတက်နေတဲ့ အချိန်မှာ ကျနော်တို့ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ပျူစောထီးတွေ ထိခိုက်သေဆုံးနိုင်တယ်။ ကျနော်တို့စပြီး ဝင်ပစ်တဲ့ အချိန်မှာ သူတို့ အကုန်လုံး ဘန်ကာထဲဝင်ပြေးလို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်။ ပျူစောထီးရွာရဲ့အနီး မီတာ ၅၀ ခန့်ကို ဝင်ပစ်ခဲ့တာပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု TYK ပြောက်ကြားတပ်ဖွဲ့ မှ ရဲဘော် စောကြီးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို TYKပြောက်ကြားတပ်ဖွဲ့ ၊ မြိုင်ပကဖ ခွဲ ၁ ခွဲ ၂ ဂဠုန် ဒေါင်းမာန်အဖွဲ့ စင်္ကြာဒေသကာကွယ်ရေးအဖွဲ့ အညာမြေတပ်ပေါင်းစု ၊ PLC ဒေါင်းညီနောင်အဖွဲ့ မုန်တိုင်းအဖွဲ့(ညောင်ပင်အောက်) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
