26.5 C
Yangon

လေးမျက်နှာမြို့နယ်တွင် စစ်တပ်က တစ်ရွာလျှင် လူ ၇ ဦးနှုန်း ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် ဖိအားပေး ခေါ်ဆောင်နေပြီး သင်တန်း မတက်သည့်ရွာများကို သူပုန်ရွာ အဖြစ် သတ်မှတ်မည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တစ်ရွာလျှင် လူ ၇ ဦးနှုန်း ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် ဖိအားပေး ခေါ်ဆောင်နေပြီး သင်တန်း မတက်သည့်ရွာများကို သူပုန်ရွာ အဖြစ် သတ်မှတ်မည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်က လေးမျက်နှာမြို့နယ် အတွင်းရှိ ကျေးရွာများကို တစ်ရွာလျှင် လူ ၇ ဦးနှုန်း အလှည့်ကျ ပြည်သူ့စစ် သင်တန်း တက်ရောက်ရန် ဖိအားပေး ခေါ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် လေးမျက်နှာမြို့နယ် အတွင်းရှိ တောင်စင်းရွာ ၊ သံပုရာကုန်းရွာ၊ ကြက်ပေါင်ကုန်းရွာ၊ ကျီးပင်ရွာ ၊ ကျောက်တလုံးရွာ ၊ပိန္နဲကွင်းရွာ စသည့် ကျေးရွာများမှ တစ်ရွာလျှင် လူ ၇ ဦးနှုန်း အလှည့်ကျ ပြည်သူ့စစ် သင်တန်း တက်ရောက်ရန် အကြမ်းဖက် စစ်တပ်က အုပ်ချုပ်ရေးမှူးများမှ တဆင့် ဖိအား ခေါ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကြက်ပေါင်ကုန်းကျေးရွာမှ ပြည်သူ ၇ ဦးကို ခေါ်ဆောင်ကာ အကြမ်းဖက် စစ်တပ်က စေတနာပန်းခင်းတွင် ပြည်သူ့စစ် သင်တန်း စတင်ပေးနေကြောင်း၊ ထိုသို့ ပြည်သူ့စစ်သင်တန်း မတက်ရောက်သော ကျေးရွာများကို အကြမ်းဖက် စစ်တပ်က သူပုန်ရွာအဖြစ် သတ်မှတ်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

“လေးမျက်နှာမြို့နယ်ထဲမှာ စစ်ခွေးတွေက တစ်ရွာကို လူ ၇ ဦးနှုန်းနဲ့ အလှည့်ကျ ပြည်သူ့စစ် သင်တန်းလာတက်ဖို့ ဖိအားပေး ခေါ်ဆောင်နေပါတယ်။ သူတို့ သင်တန်းပေးတာကို လာမတက်ရင် ကျေးရွာတွေကို သူပုန်ရွာလို့ သတ်မှတ်မယ်လို့ ခြိမ်းခြောက်နေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article