30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-တနင်္သာရီတိုင်း၊ ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် မင်းသီဟက မြို့ပေါ်မှာ KTV နဲ့ အနှိပ်ခန်းဖွင့်လှစ်တာတွေ အပါ အဝင် တရားမဝင်စီးပွားရေးများစွာ လုပ်ကိုင်တဲ့အပြင် အကျင့်ပျက်ခြစားမှုတွေ အကြီးအကျယ်လုပ်ထားတာကြောင့် တိုင်ကြားခံရမှုတွေရှိနေတယ်လို့ ဘုတ်ပြင်းအခြေစိုက် တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်း တော်လှန်ရေးတပ်တွေက လိုက်လံတိုက်ခိုက်ရာ စစ်သားအယောက် ၄၀ သေဆုံးခဲ့ တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် – ၁၇ သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article