ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်တွင် အိမ်စီးဆလွန်းကားဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်သည်။
ယနေ့ နံနက်ပိုင်း မဲဆောက်မြို့မှ တာ့ခ်ခရိုင်ဘက်သို့ ဦးတည်လာသော Toyota Camry အိမ်စီး ဆလွန်း ကားကို စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာ ယာဉ်အတွင်း ပုန်းခိုလိုက်ပါလာသော မြန်မာနိုင်ငံသား ၃ ဦးကိုတွေ့ရှိရကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးတွင် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထား မပါရှိကြောင်း သိရှိသည်။
ယင်းနောက် ယာဉ်မောင်းကိုလည်း ဖမ်းဆီးပြီး ဖမ်းဆီးရရှိသူ မြန်မာနိုင်ငံသား ၃ ဦးကိုလည်း ရဲစခန်းသို့ပို့ဆောင်ထားကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။


