ဒီကနေ့ စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အာဏာရှင်ဟောင်း သန်းရွှေ အကောင်အထည်ဖော်ခဲ့တဲ့ စိန်တစ်လုံး သရက် စိုက်ပျိုးရေးဇုန် စီမံ ကိန်းက မြေကွက်တွေကို မင်းအောင်လှိုင်အမိန့်နဲ့ ပြန်လည် သိမ်းယူလိုက်တယ်လို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က တစ်ရွာကို လူ ၇ ဦးနှုန်းနဲ့ ပြည်သူ့ စစ်သင်တန်း တက်ရောက်ဖို့ကို ဖိအားပေး ခေါ်ဆောင်နေပြီး သင်တန်း မတက်တဲ့ရွာတွေကို သူပုန်ရွာ အဖြစ် သတ်မှတ်မယ်ဆိုပြီး ခြိမ်းခြောက် နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နှင့် ဆောက် လုပ်ရေးပစ္စည်း အရောင်းဆိုင်တွေ အထဲကိုပါ စစ်တပ်က ဝင်ရောက်ပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
