24.9 C
Yangon

ရေဖြူမြို့နယ်၊ ပယကျေးရွာတွင် တပ်စွဲထားသော စစ်တပ် ဂိတ်စခန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယကျေးရွာ၌ တပ်စွဲထားသော စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါနတပ်ခွဲ ၆ (ဝေဟင်တပ် ဖွဲ့) တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု ၊ ပယ ကျေးရွာ၌ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်ကော်မရှင် ဂိတ်စခန်းကို တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ ဒဏ်ရရှိသူများလည်း ရှိကြောင်း သိရသည်။

“အဲဒီဂိတ်စခန်းက ဇာဒီနဲ့ ကံပေါက်ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာရှိတာပါ။ စကစဘက်က လက် နက် ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရတယ်။ စခထပ်တိုးသေဆုံးမှုရှိ၊ မရှိက တော့ စုံစမ်းဆဲပါ။ မိဘပြည်သူတွေအနေနဲ့ အစစအရာရာ ဂရိုစိုက်ပြီးနေထိုင်ပေးကြပါလို့ တိုက်တွန်း ချင်ပါတယ်” ဟု ဒေါနတပ်ခွဲ ၆ (ဝေဟင်တပ် ဖွဲ့) တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ရဲဘော် ၁ ဦးနှင့် ပြည်သူ ၂ ဦး (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် ခလရ ၂၇၃ တပ်ရင်းမှ စစ်ကား ၄ စီးဖြင့် စစ်အင်အား ထပ်မံ ဖြည့်တင်းထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း – ၃ (KBDF) ၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ ရာမညမွန်တပ်တော် (RMA)၊ ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း-T1 ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့နှင့် ဗထူးတပ်မတော် (B.H.A) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article