28 C
Yangon

နတ်တလင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းကြေးကောက်နေသာ ရာအိမ်မှူး ဇော်မင်းနိုင် ပစ်ခတ်ခံရ၍ သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းကြေးကောက်နေသာ ရာအိမ်မှူး ဇော်မင်းနိုင် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း Bamar Revolution Army-B.R.A (ဗမာ့တော်လှန်ရေးတပ်တော်) မှ BRA တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်လကျ်ာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ည ၉နာရီ ခန့်အချိန် နတ်တလင်းမြို့နယ်၊ စံကြီးလောင့်ရွာတွင် အကြမ်းဖက် စစ်တပ်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ စစ်မှုထမ်းကြေးကောက်ခြင်း လုပ်ဆောင်နေသော စစ်တပ်ဒေါက်တိုင် ရာအိမ်မှူး ဇော်မင်းနိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက ၎င်း၏ နေအိမ်တွင်ပင် ဝင်ရောက် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

“နတ်တလင်းမြို့နယ် စံကြီးလောင့်ရွာမှာ ရာအိမ်မှူး ဇော်မင်းနိုင်ကို နေအိမ်ဝင်ရောက် ရှင်းလင်းတယ်။ သူက ကြက်ဝိုင်းတွေကို ဦးဆောင်လုပ်တယ် စကစကို ဆက်ကြေးပေးလုပ်တာပါ။ အဲဒီတော့ စကစနဲ့က အမြဲတပူးတွဲတွဲ ဖြစ်နေတာ။ နောက်ပြီး စစ်မှုထမ်းကြေးကောက်ရင်လည်း သူပဲကောက်တယ်။ သူက လူငယ်တွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းအတွက်ကြေးကောက်တဲ့အတွက်ကြောင့် ရှင်းလင်းခဲ့တာ။ ရန်သူနဲ့နီးကပ်မှုရှိလို့ မြန်မြန်ရှင်း မြန်မြန်ပြန်ထွက်ခဲ့ရပါတယ်။ မစ်ရှင်အပြီးမှာ ဒမငယ်ရဲစခန်းကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်”ဟု Bamar Revolution Army-B.R.A (ဗမာ့တော်လှန်ရေးတပ်တော်) မှ BRA တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်လကျ်ာက ပြောဆိုသည်။

နတ်တလင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်နေသူများကို ဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းက သတိပေးသည်။

“စကစရဲ့ ယုတ်မာရက်စက်မှုတွေကို သိသိကြီးနဲ့ ကိုယ်ကျိုးတစ်ခုထဲ ကြည့်ပြီး ပြည်သူကိုနှိပ်စက်နေမယ်ဆိုရင် ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူနဲ့အမြန်ဆုံးပူးပေါင်းကြပါလို့ပဲ ပြောချင်ပါတယ်” ဟု ရဲဘော်လကျ်ာက ပြောဆိုသည်။

စစ်ဆင်ရေးမစ်ရှင်ကို တပ်ရင်း၃၈၀၁၊ တပ်ခွဲ ၄ B.R.A နှင့် တပ်ရင်းရုံးရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article