24.2 C
Yangon

သရက်မြို့နယ်တွင် စစ်တပ်နှင့် ဆက်နွယ်နေသူ ၁ ဦးကို အရှင်ဖမ်းမိပြီး စစ်တပ် ထုတ်ကုန် ဘီယာများကို ဖျက်ဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

မကွေးတိုင်း၊ သရက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဆက်နွယ်နေသူ ၁ ဦးကို အရှင်ဖမ်းမိပြီး စစ်တပ်ထုတ်ကုန် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း United States Of Burma Army – USBA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၀ရက်နေ့တွင် သရက်မြို့နယ် တောမွန် ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် ထုတ်ကုန်များကို ကုန်သွယ်ရောင်းချနေသည်ကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးတွေ့ရှိခဲ့သောကြောင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် သရက်-မင်းလှ လမ်းပိုင်းတွင်လည်း တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးရေးပြုလုပ်နေစဉ် ယာဉ်စည်းကမ်း လိုက်နာခြင်းမရှိဘဲ မောင်နှင်လာသော ကား ၁ စီးကို စစ်ဆေးမေးမြန်းရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိသောကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ပစ်ခတ်ဖမ်းဆီး လိုက်တဲ့ကားက စစ်ခွေးတွေနဲ့ ပတ်သက် ဆက်နွယ်သူပါ။ ကားပေါ်မှာ သူတစ်ဦးတည်းပါပါတယ်။ ကားထဲမှာ သူ့အ၀တ်စားတွေပါတယ်။ ပိုက်ဆံပါတယ်။ ဖုန်းပါတယ်။ သရက်-မင်းလှ လမ်းပိုင်း လုံခြုံရေးတာ၀န်တွေ ထမ်းဆောင်နေစဉ်အတွင်း ကားရပ်မပေးလို့ ပစ်ခတ် ဖမ်းဆီးရမိခဲ့တာပါ။ တောမွန်ရွာမှာလည်း စစ်ခွေးထုတ် ဘီယာတွေ ရောင်းချနေလို့ ဖျက်ဆီးခဲ့ပါတယ်” ဟု United States Of Burma Army – USBA မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သရက်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် ထုတ်ကုန်များ ကုန်သွယ်ရောင်းဝယ်ခြင်း လုံး၀ မပြုလုပ်ကြရန်နှင့် ကားမောင်း ရာတွင်လည်း ယာဉ်စည်းကမ်းများကို အတိအကျ လိုက်နာပေးကြရန် ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိပါက နောက်ဆက်တွဲပြဿနာများကို လုံး၀ တာ၀န်ယူမည်မဟုတ်ကြောင်း United States Of Burma Army – USBA က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article