လန်ဒန်မြို့ ယူကေပါလီမန်ရှေ့တွင် ယူကေရောက်မြန်မာပြည်ဖွား တိုင်းရင်းသားများ စုဝေးကာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း၊ UK နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကိုတို့ တက်ရောက်ခဲ့ကြကာ တက်ရောက်သူများက ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများ ကျန်းမာပါစေကြောင်းနှင့် အမြန်လွတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့ခဲ့ကြသည်။


