28.4 C
Yangon

နယူးယောက်မြို့ UN ရုံးချုပ်​ရှေ့တွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး လူထုထောက်ခံချီတက်ပွဲကျင်းပ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ UN ရုံးချုပ်​ရှေ့တွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် လူထုထောက်ခံချီတက်ပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုမွန်တောင်းခဲ့ကြပြီး မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရအဖွဲ့မှ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာ၀န်ကြီးဌာနဝန်ကြီး ဦးထင်လင်းအောင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမိုးဇော်ဦးတို့က အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂတွင် မြန်မာပြည်သူများကိုယ်စားပြု ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအပြင် တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော စစ်အကြမ်းဖက်အုပ်စုအား နိုင်ငံတကာမှ ပယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်ကူညီ ပေးကြရန်ကိုလည်း တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article