28.4 C
Yangon

ဖားကန့်မြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာလ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် ည ၁၁ နာရီ ၃၀ မိနစ်က ဖားကန့်မြို့နယ်၊ ဖားကန့်ဗျူဟာကုန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဆိုင်းတောင်အုပ်စု၊ ရပ်ကွက် ၃ ဘက်သို့ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

“မနေ့ညက ၁၁ နာရီခွဲလောက်မှာ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်အုပ်စု၊ ရပ်ကွက် ၃ ဘက်ကို စစ် တပ် ဗျူဟာကုန်းဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိပြီးတော့ လူနေအိမ် ထိခိုက်ပျက်စီးမှု အရပ်သား ပြည်သူတွေ ထိခိုက်မှု ရှိတယ်။ အတိအကျကတော့ ပအိုဝ်းအမျိုးသမီးတစ်ဦး ပေါင်မှာ လက်နက်ကြီး ထိလို့ ဒဏ်ရာပြင်းထန်တယ်၊ တိုက်ပွဲမဖြစ်ဘဲနဲ့ ရမ်းသမ်းပစ်ခတ်တာပါ”ဟု ဖားကန့်သတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထို့ပြင် ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ လုံး ခင်းကျေးရွာနှင့် မှော်စီစာကျေးရွာအစပ် ပေါ်ဦးလက်ဖက်ရည်ဆိုင်အနီးနှင့် မှော်စီစာကျေး ရွာ ဆောက် လုပ်ဆဲ ရခိုင်ရိုးရာရုံးအနီးတို့တွင် အမျိုးသား ၂ ဦး ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့သို့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းများ ရောက်ရှိလာချိန်မှစ၍ ပြည်သူ ၈၀ ကျော်သတ်ဖြတ်ခံ ထားရပြီး ၃၀၀ နီးပါးဒဏ်ရာရရှိကာ ဖားကန့်အနောက်ခြမ်းရှိ ကျေးရွာ ၁၅ ရွာမှ ပြည်သူသောင်းချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article