28.4 C
Yangon

မြဝတီမြို့မှ ပေါ်တာဆွဲ ဖမ်းဆီးရရှိသော လူငယ်များကို ဘားအံသို့ သွားပို့သည့် ရဲ ၁၃ ဦး လမ်းတွင် ပျောက်ဆုံးပြီး သတင်းအစအန မရတော့

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့မှ ပေါ်တာဆွဲ ဖမ်းဆီးရရှိသော လူငယ်များကို ဘားအံသို့ သွားပို့သည့် ရဲ ၁၃ ဦး လမ်းတွင် ပျောက်ဆုံးပြီး သတင်းအစအန မရတော့ကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှ ရဲ ၁၃ ဦးက မြ၀တီမြို့မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၂၀ ဦးကို ခေါ်ဆောင်ပြီး ဒေါနတောင်လမ်းပိုင်းမှတဆင့် ဘားအံမြို့သို့ သွားရောက်ပို့ဆောင်စဉ် လမ်းခရီးတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၁၇ ရက်ကြာ ရဲများနှင့် လူငယ်များ ပါ ပျောက်ဆုံးနခြင်းဖြစ်ကြောင်း သိရှိရသည်။

“စက်တင်ဘာလ ၃ရက်နေ့မှာ မြ၀တီကနေ ဘားအံကို ဆင်းသွားတာ။ ရဲခရိုင်မှူးဟောင်း ရဲမင်းသူပါတယ်။ သူကရဲသတင်းပေးပြန်လုပ် နေတဲ့သူ။ သူနဲ့ မြဝတီစခန်းရဲ ၁၂ ယောက်ပေါင်း ရဲအားလုံး ၁၃ ယောက်ရယ်၊ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ လူငယ် ၂၀ လောက်ရယ် ဆင်းသွားတာ။ ပထမ BGF နဲ့ ရဲကားတွေယာဉ်တန်းနဲ့ ဆင်းပြီးလမ်းမှာ BGFကနေခဲ့တယ်။ ဒေါနတောင်ကြောပေါ်မှာ သတင်းအစအနပျောက်သွားတာ” ဟု မြဝတီမြို့နယ် ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ရဲ ၁၃ ဦးပျောက်ဆုံးနေမှုကို မြဝတီမှ စစ်တပ်ထာက်ခံသည် ပျူစောထီးအဖွဲ့ များက လူမှုကွန်ရက်တွင် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုသည့် ပို့စ်များ တင်ခဲ့ကြသော်လည်း စစ်တပ်က ယင်းသတင်းကို ဖြုတ်ချရန် ဖိအားပေးသည့်အတွက် လူမှုကွန်ရက်ပို့စ်များ ပြန်လည် ဖြုတ်ချသွားကြောင်း သိရှိရသည်။

” သူတို့ ကြိတ်ပြီး သတင်းစုံစမ်းနေတာ။ အခုထိအဆက်အသွယ်မရ ၊သတင်းပျောက်နေတာ ၊ရှင်းခံလိုက်ရပြီပဲလို့ အားလုံးက သုံးသပ်နေကြတယ်၊ တချို့ကလည်း BGF ကသတင်းပေးလိုက်လို့ဖမ်းမိသွား တယ်လည်းပြောနေကြတယ်၊ ဒေါနတောင်ပေါ်မှာက အဖွဲ့ပေါင်းစုံရှိတာဆိုတော့ ။ ရဲ တွေပျောက်နေတာက အမှန်ပဲ”ဟု မြ၀တီမြို့မှ ဒေသသတင်းရင်းမြစ်တစ်ခုက ဆိုသည်။

လက်ရှိမြဝတီမြို့တွင် စစ်တပ်က နေရာစုံ နေရာယူ တပ်စွဲထားပြီး တစ်ဖက်တွင်လည်း အမှတ် ၁ ၊ အမှတ် ၂ ၊အမှတ် ၅ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် စစ်တပ်ဘက်မှ ရပ်တည်နေသော လက်နက်ကိုင်အောက်ခြေ တပ်ဖွဲ့ များ ပူးပေါင်းကာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြ၀တီမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တချို့ ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article