ဒီကနေ့ စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေး တပ်ဖွဲ့ တွေ အပြီးသတ် တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့တယ်လို့ ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ရွာက နေ မင်းကွန်းမြို့ ဘက်ကို ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခံခဲ့ တာကြောင့် စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ တာကြောင့် စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
