28.4 C
Yangon

ဆန်ဖရန်စစ္စကိုမြို့ရှိ United Nations Plaza တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေး စုပေါင်းဆန္ဒထုတ်ဖော်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ United Nations Plaza တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကမ္ဘာ့ကုလသမဂ္ဂတွင် ရွေးကောက်ခံ ပြည်သူ့အစိုးရ၏ ကိုယ်စားလှယ်အဖြစ် ပြည်သူကို ကိုယ်စားပြုလျက် လုပ်ငန်းတာဝန်များ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တကမ္ဘာလုံးမှာရှိသော နွေဦးတော်လှန်ရေးအင်အားစုအသီးသီးနှင့် တချိန်တည်း၊ တပြိုင်တည်း တပြေးညီ စုပေါင်းဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စုပေါင်းဆန္ဒထုတ်ဖော်ပွဲကို ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အာရှနိုင်ငံများ စုရုံးဖွဲ့စည်းထားသည့် အာရှမဟာမိတ် အဖွဲ့ဝင်များလည်း မြန်မာပြည်သူများ၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို ထောက်ခံရပ်တည်၍ တက်ရောက်ပါဝင်ကြပြီး နိုင်ငံတကာ မဟာမိတ်များ ညီညွတ်ရေးနှင့် လူ့အခွင့်အရေးများဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ကြရေးဆိုင်ရာ စကားများပြောကြားခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article