25.5 C
Yangon

သပိတ်ကျင်းနှင့် စဉ့်ကူး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည် သူ ၄ ဦး သေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ် ၊ ကျောက်ဖြာကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၄ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စဉ့်ကူးမြို့နယ် ၊ နဂါးမောက်တောင် ပေါ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ အနေဖြင့် မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက် ၍ အားပေးစကားပြောကြားခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခြင်းနှင့် လိုအပ် သည့် စားနပ်ရိက္ခာနှင့်အဝတ်အထည်များကို ပံ့ပိုးကူညီခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာနှင့် ကျောက်ဖြာရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article