25.5 C
Yangon

မြောင်မြို့နယ်တွင် ကျောက်ရစ်ရဲစခန်းနှင့် စစ်တပ်တပ်စွဲထားသော ဆေးရုံတို့ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အကြမ်းဖက် စစ်တပ်က အထိုင်ချ တပ်စွဲထားသော ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံတို့ကို ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Peacock Drone Team-Myaung မှ တာဝန်ခံ ရဲဘော်ရာစုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉နာရီခန့်အချိန် မြောင်မြို့နယ် အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားသော ကျောက်ရစ်ရဲစခန်း၊ဆေးရုံတို့ကို တော်လှန်ရေး တပ်ဖွဲ့များက Fixed wings ဒရုန်း ၉ စီးဖြင့် ဗုံး ၁၂ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေးတပ်ဖွဲများဘက်မှ ဒရုန်း ၁ စီး ဆုံးရှုံးပြီး တော်လှန်ရေး ရဲဘော်များအထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ ဆက်လက်စုံစမ်းဆဲပါ။ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံမှာ စစ်ခွေး အင်အား ၂၀၀ လောက်ရှိပါတယ်။ စခန်းတွင်းနဲ့ အဆက်သွယ် ဘယ်သူမှ မရှိဘူး။ အဲ့ဒီတွက် အတွင်းသတင်းမရဘူး။ စစ်ခွေးတွေဘက်က အထိအခိုက်သေဆုံးမှု ရှိနိုင်တယ်။ သူတို့ ပိုက်ဆံကောက်တဲ့ နေရာနဲ့ သူတို့ရှိတတ်တဲ့ နေရာ ၄နေရာကိုတော့ ဗုံးကျဲချတာဆိုတော့ ပစ်မှတ် လေးနေရာပေါ့။ ရဲစခန်းနဲ့ ဆေးရုံက ကပ်နေတာ။ အထိအခိုက်မသိရတဲ့အတွက်တော့ အားမရပါဘူး။ “ဟု Peacock Drone Team-Myaung မှ တာဝန်ခံ ရဲဘော်ရာစုကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Peacock Drone Teamနဲ့ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့ ၊ M.D.F Drone ကျားခင်စိန် ၊ ဒေါင်းမင်းကြီး ၊ Sparrow Drone Strike ၊ Revolutionary Air forceတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article