24.6 C
Yangon

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်စဉ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သားသစ် ၇ ဦး အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်စဉ် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သားသစ် ၇ ဦး အလင်းဝင် အလင်းဝင်ရောက်ခဲ့ကြောင်း KNU – Mergui-Tavoy District က သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပလောက်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၂ တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်မှုထမ်း တပ်သားအသစ် ၇ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ လက်အောက်ခံ KNDO တပ်ရင်း ၇ တပ်ခွဲ ၅ ထံသို့ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၇ ဦးသည် ထိုင်းနိုင်ငံ အတွင်း အလုပ်သွားလုပ်စဥ် အဖမ်းခံရပြီး ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်စဉ်တွင် အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အကြမ်းဖက် စစ်တပ်အတွင်းမှ တပ်သားများ အနေဖြင့် မိမိတို့နှင့်နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြရန် KNU မြိတ်ထားဝယ်ခရိုင်က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article