24.6 C
Yangon

လောင်းလုံးမြို့ပေါ် လဝကရုံး စစ်ဆေးရေးဂိတ်နှင့် ကင်းပတ်နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် လဝကရုံး စစ်ဆေးရေးဂိတ်နှင့် ကင်းပတ်နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် လောင်းလုံးမြို့ပေါ် လဝကရုံး စစ်ဆေးရေးဂိတ်နှင့် ကင်းပတ်နေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကာ ထိခိုက်မှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စက်တင်ဘာ ၁၄ ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေးရုံး စစ်ဆေးရေးဂိတ်နဲ့ လောင်းလုံးမြို့နယ်ထဲကို ကင်းပတ်နေတဲ့ စစ်ခွေးတွေက ကျနော်တို့ ဝင်ရောက် တိုက်ခိုက်ခဲ့တာ တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေး ၃ ကောင်သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ခွေးတွေလည်း ရှိပါတယ်။ ထိခိုက်တဲ့ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article