ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ယခုနှစ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် လူရာချီသေဆုံးခဲ့တဲ့ ငလျင်ဘေးသင့် မန္တလေးက ဆိုင်ခန်းတွေအားလုံးကို မှန်တံခါးတပ်ဆင်ပြီး မှန်ချပ်တွေကာဖို့ မင်းအောင်လှိုင်ညွှန်ကြားချက် အရ မန္တလေးစည်ပင်က အမိန့်ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က အမျိုးသမီးသမီးဘော်ဒါဆောင်ကို လက်နက်နဲ့ ဝင်ရောက်ဓားပြတိုက်ပြီး မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာမဖွယ်မရာလုပ်တဲ့ စစ်သား အောင်မျိုးခန့်ကို ပြည်သူတွေက ၀ိုင်းဝန်းဖမ်းဆီးလိုက်တယ်လို့ ဒေသပြည်သူတွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အင်းကြီးရွာဘက်မှာ ရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားတာကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေကို ရှုံးမဲ မဲပြီး ဆက်တိုက်မီးရှို့နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
