27 C
Yangon

ပခုက္ကူမြို့နယ်၊ အင်ပင်ရွာတောင်ဘက်၌ တပ်စွဲထားသော စစ်တပ်ဂိတ်စခန်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာတောင်ဘက်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ် စခန်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Cobra One တပ်ဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ပခုက္ကူမြို့နယ် ၊ အင်ပင်ကျေးရွာ တောင် ဘက်၌ ဂိတ်စခန်းဖွင့်ကာ အထိုင်ချတပ်စွဲထားသည့် စစ်သားများသည် အင်အား ဖြည့်တင်းထားပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက Rocket ၃ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း စစ်သားများရှိရာ နေရာကို ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကာ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု အတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်သားများသည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်-ပကဖ တပ်ရင်း ၁ ၊ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE နှင့် BURMA REVOLUTION RUNGERS တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းနေ့ ညနေပိုင်းတွင် ထိုဂိတ်စခန်းမှ စစ်တပ် စစ်ကြောင်းထွက်လာပြီး စစ်ဘေးရှောင်တဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့ပြင် ယနေ့ စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင်လည်း အင်ပင်ရွာ စစ်တပ်စခန်းမှ လက်နက်ကြီး ၂ လုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် စက်တပ်လေထီး ၂ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတင်းများ အထူးဂရုစိုက်၍ နေထိုင်ပေးကြန် Cobra One တပ်ဖွဲ့က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article