မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ကင်းမှူး ပျူစောထီး မျိုးနိုင်အေး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း TYK ပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော် စောကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြိုင်မြို့နယ်တောင်ပိုင်းရှိ သရက်ကန် ပျူစောထီးရွာမှ ကင်းပတ်ရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို ပစ်ခတ် တိုက်ခိုက်မှုအတွင်း ကင်းမှူး ပျူစောထီး မျိုးနိုင်အေး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အထိနာနေသော ပျူစောထီးများမှ ၄၀ မမ ၁ လုံး၊ လက်နယ်ငယ်များဖြင့် ရမ်းသမ်းပစ်ဖောက်ခဲ့ကြောင်း၊ ထို့ကြောင့် အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ကြာဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးနဲ့ ပျူစောထီး အင်အား ၁၀၀ ကျော်ခန့် တပ်စွဲထားတာတဲ့ သရက်ကန် ပျူစောထီး ရွာကနေ ကင်းပတ်ဖို့ ထွက်လာတဲ့ စစ်ခွေးတွေကို စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေး ၁ ကောင်သေပါတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု TYK ပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော် စောကြီးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို TYKပြောက်ကြားတပ်ဖွဲ့- မြိုင် – ပကဖ တပ်ရင်း ၁ – တပ်ခွဲ ၁၊မြိုင်း-ပကဖ တပ်ရင်း ၁-တပ်ခွဲ ၄ (စက်ြာ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ အညာမြေတပ်ပေါင်းစု ၊ Unoin Brothers Ub ၊ Kamma Undergroung Pdf – ကမ္မတပ်ပေါင်းစု ၊ ဒေါင်းညီနောင်တပ်ဖွဲ့ ၊ ဒေါင်းမာန်တပ်ဖွဲ့ တို့မှ စည်းလုံးစွာဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
