24.2 C
Yangon

ဆင်ပေါင်ဝဲမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲနှင့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲနှင့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း က ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ဆင်ပေါင်ဝဲမြို့နယ် လမ်းပိုင်း တနေရာ၌ ဆိုင်ကယ်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ရဲများကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း ရဲ ၁ ဦး သေဆုံးကာ MA-13 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဆင်ပေါင်ဝဲမြို့နယ် လမ်းတွင်း တနေရာမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ရဲခွေးနဲ့ စစ်ခွေးတွေကို စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ ရဲ ၁ ကောင် သေဆုံးပြီး MA-13 သေနတ် ၁ လက် သိမ်းဆည်းရရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း က ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရ လမ်းပိုင်းတွင် ဆင်ပေါင်ဝဲ မြို့နယ်မူး အပါဝင် စစ်သားနှင့် ရဲများ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲနှင့် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article