24.2 C
Yangon

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာ အနီးတဝိုက်ကို စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး စိုးရိမ်ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာ အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၂ ဦး စိုးရိမ်ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း Voice OF Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တက်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာ အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၇ မိနစ်ခန့်တွင် ဂျက်ဖိုက်တာ ၁ စီးက ချောင်းကြီးရွာ အနီးတဝိုက်ကို ၂ ကြိမ် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦး စိုးရိမ်ရ ဒဏ်ရာရရှိကာ အဆောက်အဦးများလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ချောင်းကြီးရွာ အနီးတဝိုက်ကို စစ်ခွေးတွေက လေယာဉ်နဲ့ ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပထမ ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်တာကတော့ ပြည်သူတွေ ထိခိုက်မှုမရှိပါဘူး။ ဒုတိယ အကြိမ် ၂ ကြိမ် ထပ်ပြီး ဗုံးကျဲတော့ အမျိုးသား ၂ ဦး စိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်” ဟု Voice OF Mandalay မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် ချောင်းကြီးရွာတွင် နေထိုင်သော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေ၍ ပြည်သူများသည် သတိပြုနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက မေတ္တာရပ်ခံထားသည်။

ထို့ပြင် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ ၄ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article