အကြမ်းဖက် စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ကရင်လူငယ်ထုများ၊ မဟာမိတ် လူမျိုးစုလူငယ်များနှင့် ချိတ်ဆက်ပူးပေါင်းကာ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု ကရင်လူငယ်အစည်းအရုံး (KYO) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုခန့်ဇော်ဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
သောင်းကျန်းသူ မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ကောင်စီသည် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ကရင်လူမျိုးများ စတင်တော်လှန်ခဲ့သည့် အာဏာရအုပ်စိုးသူ ဖဆပလ အစိုးရမှ လူမျိုးပေါင်းစုံပြည်သူ တစ်ရပ်လုံးကို ဖိနှိပ်သွေးစုပ်အုပ်ချုပ်ခဲ့သည့် ခေတ်အဆက်ဆက်သော စစ်ဗျူ ရိုကရက်ဓနရှင်အဖြစ် ဖြစ်ပေါ် ပြောင်းလဲလာသည့် အစုအဖွဲ့ဖြစ်ကြောင်း သိရသည်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှကိုလိုနီထံမှ ဗမာပြည်လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ ဖဆပလ အစိုးရနှင့် ခေတ်အဆက်ဆက်သော အုပ်စိုးသူစစ်အာဏာရှင်များသည် တိုင်း ပြည်၏ အာဏာကိုရယူကာ လူမျိုးပေါင်းစုံပြည်သူများ၏ နိုင်ငံရေးလိုလားချက်ဖြစ်သည့် အမျိုး သားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့် အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများကို မျက်ကွယ်ပြုခဲ့ သည့်အပြင် အာဏာရအုပ်စိုးသူလူနည်းစု၏ အကျိုး စီးပွားအတွက် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာ ဏာရှင်စနစ်ကို ကျင့်သုံးကာ လူမျိုးပေါင်းစုံပြည်သူများ၏ ဘဝ ရှင်သန်ဖွံ့ဖြိုးမှုကို ရိုက်ချိုးခဲ့သည်မှာ နှစ်ပေါင်း ၇၇ နှစ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီ အပါအဝင် ခေတ်အဆက်ဆက် တိုင်းပြည်အာဏာရ အုပ်စိုးသူများသည် ပြည်သူလူထု၏ဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သည့် အပြင် ယခုအချိန်ထိ လူမျိုးပေါင်းစုံ ပြည်သူလူထုများကို မတရားဖမ်းဆီးနှိပ်စက်၊ မုဒိမ်း ကျင့်၊ မီးရှို့၊ သတ်ဖြတ်မှုများ ကျူးလွန်ကာ အရပ်သားပြည်သူနှင့်ဆိုင်သည့် အဆောက်အအုံများဖြစ် သည့် ဘာသာရေး အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများကို နိုင်ငံအနှံ့ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်လျက်ကြောင်း၊ ထို့အပြင် ပြည်သူများ၏ ဘဝဆင်းရဲတွင်းသို့ နက်သထက် နက်အောင် ဆက်လက်ပြုလုပ်နေမည်ဖြစ်ကြောင်း အသိပေးထားသည်။
“သောင်းကျန်းသူ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင် အဆက်ဆက်က ကျနော်တို့ ကရင်လူ မျိုးတွေရဲ့ ကော်သူးလေအိပ်မက်ကို ရိုက်ချိုးခဲ့တာ အခုမှ မဟုတ်ဘူး။ နှစ် ၇၀ ကျော်ကျော်ကြာပြီ။ ဒါ ပေမယ့်သူတို့အနေနဲ့ ဘယ်တုန်းကမှ မရိုက်ချိုးနိုင်ခဲ့ဘူး။ ကျနော်တို့အတွက် ဆက်ရှိနေတုန်း၊ ဆက် ပြီး ခွန်အားရှိနေတုန်းပဲ၊ အဲဒါအတွက်ပဲ ကျနော်တို့က သူတို့ရဲ့ လုပ်ဆောင်မှုတွေ၊ နိုင်ငံရေးလှည့် ကွက်တွေ၊ အလှည့်အပြောင်းတွေမှာ ကျနော်တို့ ဝင်မပါပဲနဲ့ ကျနော်တို့ လုပ်စရာရှိတဲ့ မဟာလူမျိုး ကြီးဝါဒနဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးကို တစိုက်မတ်မတ် ဆက်လက် လုပ်ဆောင်သွားမယ်၊ ကျန် တဲ့လူမျိုးပေါင်းစုံနဲ့လည်း လက်တွဲသွားမယ်၊ သူတို့အခုလုပ်နေတဲ့ ရွေး ကောက်ပွဲဟာလည်း အာဏာ ရှင်ရဲ့ နိုင်ငံရေးလှည့်ကွက်တစ်ခုလို့ မှတ်ယူပြီးတော့ ကျနော်တို့က လုံးဝ ဆန့်ကျင်သွားမယ် ဆိုတာ ကို အဓိကပြောချင်တယ်။” ဟု ကရင်လူငယ်အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုခန့်ဇော်ဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယခု သောင်းကျန်းသူမင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကော်မရှင်မှ ကျင်းပပြုလုပ်မည့် ရွေး ကောက်ပွဲသည် ၎င်းတို့၏ လူမျိုးပေါင်းစုံပြည်သူလူထုအပေါ် ရက်စက်ယုတ်မာမှုများကို ဖုံးကွယ် ဖျောက်ဖျက်နိုင်ရန်နှင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဒီမိုကရေစီကို အမည်ခံ အလွှဲ သုံးစားလုပ်၍ ပြည်သူလူထုကို လိမ်လည်လှည့်ဖျားသည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ် ကြောင်း ဆက်လက်အသိပေးထားသည်။
ဤသို့ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်သည့် စစ်အစိုးရအဆက်ဆက် အမွေဆိုးကို ဆက်ခံ သည့် မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကော်မရှင်မှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ပူး ပေါင်းပါဝင်မည် ဆိုပါက ပြည်သူလူထုတစ်ရပ်လုံး ပိုမိုဆိုးရွားသည့် ဆင်းရဲဒုက္ခနှင့် ဖိနှိပ်ချုပ်ချယ်မှု များကို ဆက်လက်ရင်ဆိုင် သွားရမည်ဖြစ်သည်ဟုဆိုသည်။
ထို့ပြင် တိုင်းပြည် ပိုမိုယိုယွင်းပျက်စီးသွားနိုင်သည့် အခြေအနေသို့ရောက်အောင် တွန်းပို့မည့် အာ ဏာရှင်စနစ်ကို အားပေးထောက်ခံသည့် သမိုင်းတရားခံအဖြစ် ကျန်ရစ်မည်ဖြစ်ကြောင်း ကရင် လူငယ့်အစည်းအရုံး – KYO မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုခန့်ဇော်ဝင်းက ပြောကြား သည်။
“အဓိက ကတော့ သောင်းကျန်းသူ မင်းအောင်လှိုင်က လူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် ရက်စက် ယုတ်မာမှုတွေကို ဖုံးဖို့အတွက် ဒီရွေးကောက်ပွဲသာ လုပ်မယ်ဆိုရင် သိတဲ့အတိုင်းပဲ သမိုင်း တပတ် လည်တဲ့ ပုံစံမျိုး ထပ်လုပ်မယ်၊ ပြီးလို့ရှိရင် ဒီမိုကရေစီအစိုးရနေ တဆင့် တဆင့် မျက်နှာစာ ပြန်ယူပြီး တော့ သူတို့ကျူးလွန်ခဲ့တဲ့ဟာတွေကို ဖုံးကွယ်ချင်တာမျိုး လုပ်တာဖြစ်တဲ့အတွက်ကြောင့် မြန်မာ့နိုင် ငံ ရေး ပြဿနာက ပိုပြီးတော့ ရှုတ်ထွေးလာနိုင်တယ်။ အဲလိုမျိုးတွေဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာပါဝင်မယ်ဆိုရင် သူတို့ရဲ့ ဒီမိုကရေစီကို အမည်ခံ အလွဲသုံးစားလုပ်တဲ့ ကိစ္စမှာ ပူး ပေါင်း ပါဝင်တဲ့သူက သမိုင်းတရားခံလို့ပဲ ကျနော်တို့က သတ်မှတ်ထားတယ်” ဟု ကရင်လူငယ် အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုခန့်ဇော်ဝင်းက ပြောဆိုသည်။
ထို့ကြောင့် စစ်ကော်မရှင်မှ ကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ကရင်လူငယ်ထု တစ်ရပ်လုံး အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ခြင်းများ မပြုလုပ်ရန်နှင့် ဝိုင်းဝန်း တိုက်ဖျက်တားဆီး ကြပါရန် တိုက်တွန်းထားသည်။
ကရင်လူငယ်အစည်းအရုံးအနေဖြင့်လည်း အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လုပ်ငန်းများ ကို ကရင်လူငယ်ထုများ၊ မဟာမိတ်လူမျိုးစုလူငယ်များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုများ ပြု လုပ်ကာ ပြည်သူတစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုး ကြီးဝါဒ သက်ဆိုးရှည်ရေးကို နည်းလမ်းမျိုးစုံဖြင့် တော်လှန်တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
