24.8 C
Yangon

မင်းမော်ကွန်းနှင့်မြေ ပြင်မှ ရဲဘော်များ ပါဝင်သရုပ်ဆောင်ထားသည့် ပြုံးပြုံးလေး ရုပ်ရှင် အမေရိကန် မယ်ရီလန်းပြည်နယ်တွင် ပြသမည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

မြေပြင်ကရဲဘော်များ၏ ဖြစ်ရပ်မှန်၊ ရဲဘော်များ၏လက်တွေ့ဘဝကို အရှိအတိုင်း ရဲဘော်များကိုယ်တိုင် သရုပ်ဆောင်ထားပြီး မင်းမော်ကွန်းလည်း ပါဝင်သရုပ်ဆောင်ထားသည့် ပြုံးပြုံးလေး ရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့၌ ပြသမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ပြုံးပြုံးလေး ရုပ်ရှင်ကားမှာ ဒါရိုက်တာကိုပေါက်နှင့် အကယ်ဒမီမင်းမော်ကွန်းတို့၏ (၅)နှစ်ကြာ တော်လှန်ရေးကာလအတွင်း ပထမဆုံးရိုက်ဖြစ်သော ရုပ်ရှင်ဇာတ်ကားရှည်ဖြစ်ပြီး အဆိုပါရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားကြသူ ၉၀ ရာခိုင်နှုန်းမှာ ရုပ်ရှင်၊ ဗွီဒီယိုနှင့် မနီးစပ်သော မြေပြင်တွင် အမှန်တကယ်အလုပ်လုပ်နေကြသည့် လူငယ်များနှင့် ရိုက်ကူးထားခြင်းဖြစ်ကြောင်း အဆိုပါရုပ်ရှင်စီစဉ်သူများက ပြောကြားသည်။

ယင်းရုပ်ရှင်မှာ ဖြစ်ရပ်မှန်ဇာတ်လမ်းများအပေါ် အခြေခံထားသော ရုပ်ရှင်ဖြစ်ပြီး သဘာဝကျကျ သရုပ်ဆောင်မှုများကိုလည်း မြင်တွေ့ရမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ စည်းလုံးခြင်းကို ကိုယ့်ကြောင့်မပျက်စီးပါစေနဲ့။ ညီညွတ်ခြင်းမှာ ကိုယ်က ထိပ်ဆုံးက ပါဝင်တဲ့သူ ဖြစ်ပါစေ။ ဘယ်လိုအခက်အခဲဒုက္ခနဲ့တွေ့တွေ့ အပြုံးမပျက် ပြုံးပြုံးလေး ရင်ဆိုင်ကျော်ဖြတ်ပါ ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အချစ်၊ အလွမ်း drama ဟာသများ ရောစပ်ပါဝင်နေသည့် ပြုံးပြုံးလေး ရုပ်ရှင်၏ ရုပ်ရှင်လက်မှတ်တစ်စောင်ကို ဒေါ်လာ ၃၀ ကျသင့်မည်ဖြစ်ပြီး လက်မှတ်များကို ဦးယဉ်ထွေး- ဖုန်းနံပါတ် 301 520 4160 သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် 10701 Gainsborough Rd Potomac, MD 20854 တွင် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၆နာရီ ၄၅ တွင် ပြသမည်ဖြစ်ပြီး အစားအသောက်ရောင်းချမှုကို ယင်းနေ့ ညနေ ၄နာရီ ၃၀မိနစ်မှ ညနေ ၆နာရီ ၃၀ မိနစ်အထိ ပြုလုပ်မည်ဖြစ်သည်။

ပြုံးပြုံးလေး ရုပ်ရှင်မှ ရရှိသည့် ငွေကြေးများကို မြေပြင်ကို ထောက်ပို့မည်ဖြစ်ကြောင်း ရုပ်ရှင်စီစဉ်သူများက ပြောကြားသည်။

လက်ရှိတွင် ပြုံးပြုံးလေးရုပ်ရှင်ကို ဥရောပ၊ ဂျပန်နှင့် အမေရိကန်တို့တွင် ပြသပြီး ပြသနေဆဲဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article