25.9 C
Yangon

ဗန်းမောက်မြို့အနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်သား အလောင်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ SNA အဖွဲ့ဝင် ၂ ဦးကို အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ SNA အဖွဲ့ဝင် ၂ ဦးလည်းအရှင်ဖမ်းမိခဲ့ကြောင်း ဗန်းမောက်မြို့အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဗန်းမောက်မြို့ မြောက်ဘက်ရှိ ခမိုးရွာအနီး တာဝါတိုင်ကုန်းတွင် PDF တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် အကြမ်းဖက် စစ်သား ရုပ်အလောင်း ၃ လောင်းနှင့် သေနတ် ၅ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရရှိထားသော SNA အဖွဲ့ဝင် ၂ ဦးကိုလည်း PDF တပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့ပြီး လက်ရှိချိန်တွင် ဆေးကုမှုများ ပြုလုပ်ပေးနေကြောင်း သိရှိရသည်။

“၂၄ ရက်နေ့က PDF တွေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တော့ စစ်ခွေး အလောင်း ၃ ကောင်းနဲ့ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်။ စစ်ခွေး စစ်ကြောင်းကလည်း တာဝါတိုင်ကုန်းနားထိ တိုးလာလို့ တိုက်ပွဲလည်း ဆက်ဖြစ်တယ်။ တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ SNA အဖွဲ့ဝင် ၂ ကောင်ကိုလည်း အရှင်ဖမ်းမိတယ်လို့ သိရတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ဗန်းမောက်မြို့ကို စစ်ကြောင်းထိုးနေ၍ မြေပြင် ထိတွေ့ တိုက်ပွဲများလည်း လက်ရှိချိန်ထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ဗန်းမောက်မြို့ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စက်တင် ဘာလ ၂၀ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့သိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်နှင့် SNA အဖွဲ့များသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာ ပူးပေါင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article